နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, July 5, 2013

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်


 Friday, 05 July 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ် ၊ ပေါက်ကုန်း ရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရ ရှိသော ဆေး သုတ် သည့် ကျပန်း အလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် 



အမေရိကန်ဒေါ်လာများအားကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများ ၀ယ်ယူခြင်းစသည့် ငွေကြေး များဖောသီစွာသုံးစွဲလျက်ရှိကြောင်းသတင်းရရှိမသင်္ကာသဖြင့်စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့တိမ်းရှောင်သွားကြောင်းသတင်းအရလိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ် ရိပ်မွန် အိမ်ယာတွင်ဆေးသုတ်သည့်အလုပ်အားလုပ်ကိုင်နေစဉ်အတွင်းကထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက်လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်းသိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါ အခန်းသို့  နောက် ဘက် အရေးပေါ်လှေခါးမှတက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင် ထားသော မူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား
မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီးသံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာ အတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး သက်သေခံပစ္စည်း များ ပြန်လည် သိမ်းဆည်း ရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

မြဝတီ-

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 