နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, September 13, 2013

လယ်သိမ်းခံရသူ ရဲစခန်း ဝင်တိုက်ပြီး သူ့ကိုယ်သူ ပစ်သတ်



13.09.2013
ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာသိမ်းဆည်းတာကို ခံရသူတစ်ဦးက ဒေသ အာဏာပိုင်ရုံးထဲကို ဝင်ပြီး သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ထိုင်ဗမ်းမြို့(Thai Binh City) မှာ ဖြစ်ပွားခဲ့ပါတယ်။ လူလေးယောက်ကို ပစ်ခတ်ရမှာ တစ်ဦးသေဆုံးသွားပြီး သေနတ်သမားက သူ့ကိုယ်သူ ပြန်ပစ်ပြီး အဆုံးစီရင်ခဲ့တာပါ။

သေနတ်သမား( Dang Ngoc Viet ) ဟာ သူပိုင်တဲ့မြေကို ဒေသဖွံ့ဖြိုးရေးအတွက် သိမ်းယူဖို့ လုပ်နေတယ်ဆိုတာကို သိခဲ့ရပြီးတဲ့နောက်ပိုင်း အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

သူပစ်သတ်လို့ သေဆုံးသွားရသူတွေဟာ ဒေသတွင်း မြေယာစီမံကိန်း
လုပ်ဆောင်နေတဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ အခုလို မြေယာ သိမ်းဆည်းမှုဖြစ်ပွားနေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ခရိုင်အရာရှိက ဗွီအိုအေကိုပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ် မူဝါဒတွေကြောင့် မကြာခင် နှစ်တွေအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အရှိန်တိုးမြင့်နေတာနဲ့အတူ လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်း အခြေချထားတဲ့ နေရာအတော်များများ ကို သိမ်းယူမှုတွေဖြစ်ပွားနေပါတယ်။
 
VOA-

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 