Tags
- စစ်လက်နက်ဆန်းများ (2)
- နိုင်ငံတစ်ကာစစ်ရေးရာသတင်း (17)
- ဗဟူသုတဆောင်းပါးများ (5)
- ဗွီဒီယိုဖိုင်များကြည့် ရန် (8)
- ပြည်တွင်းပြည်ပ သဘာဝလွန် ဖြစ်ရပ်များ (1)
- ပြည်တွင်းစစ်သတင်း (15)
- ပြည်တွင်းနိုင်ငံရေးအာဘော် (20)
- ပြည်ပနိုင်ငံခြားမှု့ ခင်းသတင်း (17)
- ပြည်ပနိုင်ငံရေးသတင်း (18)
- မြန်မာ့ ကုန်ထုပ်လုပ်စီးပွားရေး (2)
- မြန်မာ့နိုင်ငံရေးအကြောင်း (3)
- မြန်မာပြည်မှု့ ခင်းသတင်း (58)
- မြန်မာပြည်အထွေထွေသတင်းတိုများ (43)
- အွန်လိုင်းဆိုင်ဘာတွင်တိုက်ခိုက်ဖွနေသူများ (3)
- ဖျော်ဖြေရေးသတင်း (1)
- မေးလ်ဖြင့်လာရောက်ပေးပို့ သူများ (2)
Friday, September 6, 2013
ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး အစာအဆိပ်သင့်
အစာအဆိပ်သင့်မှုကြောင့် ဟင်္သာတဆေးရုံတွင် တက်ရောက် ဆေးကုသနေသော အသက် ၉၀ အရွယ် အဘွားအိုအား တွေ့ရစဉ်
ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ လိန်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဥပုသ်သည် ၁၅၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါနေ့ နံနက် ၈ နာရီခန့်တွင် စတင်လှူဒါန်းသည့် ကြာဇံဟင်းခါးကို သောက်မိကြရာမှ ညနေ ၂ နာရီခန့်မှစ၍ လိန်ကုန်း ကျေးရွာမှ ဥပုသ်သည် ၁၅၆ ဦး (ကျား ၆၀/မ ၉၆)အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူနာ ၁၂ ဦးအား ဒူးယား တိုက်နယ်ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး အသက် ၉၀ အရွယ် အဘွားအို တစ်ဦးအား ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း၊ အတွင်းလူနာများ အားလုံး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း၊ ပြင်ပလူနာ ၁၄၃ ဦးမှာလည်း ရောဂါလက္ခဏာ သာမန်မျှသာ ရှိသဖြင့် မစိုးရိမ်ရကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။
လိန်ကုန်းကျောင်းတိုက် ဆရာတော်ကြီး ဦးဝိမလသိဒ္ဓိက ''ဥပုသ်သည်တွေက ၂၀၀ ကျော်တယ်။ အစာအဆိပ် သင့်တာက ၁၅၀ လောက်ဖြစ်တယ်။ ဘုန်းကြီးလည်း ဘုဉ်းပေးတာပဲ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ အစာအဆိပ်သင့်တဲ့ ဥပုသ်သည်တွေကို မြို့နယ်က တာဝန်ရှိတဲ့ သူတွေနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးလာပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဆေးရုံကို ရောက်နေတဲ့သူတွေ အားလုံး မစိုးရိမ်ရဘူးလို့ သိရတယ်'' ဟု မိန့်ကြားသည်။
ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ''အဲဒီနေ့မှာ ဒူးယားတိုက်နယ် ဆေးရုံက လူနာတွေကို အရင်ကြည့်ခဲ့တယ်။ ည ၇ နာရီလောက်မှာ ဘုန်းကြီးကျောင်းကိုလည်း သွားပြီး ကျန်တဲ့သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဟင်္သာတ ဆေးရုံကို အသက် ၉၀ အရွယ် အဘွားအိုကို ခေါ်လာခဲ့ပါတယ်။ ဒူးယားဆေးရုံက လူနာတွေကတော့ နှစ်ရက်လောက်ဆိုရင် ဆေးရုံက ဆင်းလို့ရပါပြီ။ ဟင်္သာတဆေးရုံက အဘွားကိုတော့ ခံနိုင်ရည် မရှိမှာ စိုးတဲ့အပြင် တခြားကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တာကြောင့် ရက်အနည်းငယ် ပိုနေရ နိုင်ပါ တယ်'' ဟု ပြောကြားသည်။
''ချက်ပြုတ်ခဲ့တဲ့ နေရာက မိုးရွာမှာစိုး လို့ဆိုပြီး နွားတင်းကုပ်ထဲမှာ ချက်တယ်လို့ သိရတယ်။ အနားမှာ ဓာတ်မြေသြဇာ အိတ်တွေလည်း ရှိပုံရတယ်။ ကနဦးအနေနဲ့ အစာအဆိပ် သင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ၅ ရက်နေ့ နံနက်ပိုင်းမှာ အစားအစာကို စစ်ဆေးဖို့ ရန်ကုန်က ဓာတ်ခွဲဌာနကို ပို့လိုက်ပါပြီ'' ဒေါက်တာကြည်စိုးက ဆက်လက် ပြောကြားသည်။
http://www.news-eleven.com/l
Subscribe to:
Post Comments (Atom)
တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(230)
-
▼
September
(19)
- ရခိုင်အမျိုးသားများနှင့်ပတ်သတ်ပြီးတောင်းပန်ဝန်ခံကတ...
- Top 10 Bermuda Triangle Theories
- လယ်သိမ်းခံရသူ ရဲစခန်း ဝင်တိုက်ပြီး သူ့ကိုယ်သူ ပစ်သတ်
- ငွေစက္ကူ များတွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ပြန်...
- ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့ မွတ်ဆလင်လွတ်မြောက်ရေးတပ်...
- မြ၀တီ ညဈေးတန်းပေါက်ကွဲမှုဖြစ်ပွား
- အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း...
- ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင်ြေ...
- ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး ...
- အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည...
- ထိုင်းနိုင်ငံက မာဆတ် တဲ့။။။။။
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ...
- ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်...
- အနုကြမ်းစီး၊ လူသတ်မှုဖြစ်ပွား
- ဘင်္ဂါလီဖမ်းဆီးမိမှ နောက်ဆက်တွဲ သတင်း
- ရန်ကုန်မြို့ ရွှေဂုံတိုင် ကုန်းကျော်တံတား ဆောက်လုပ...
- အမေရိရန်သမတ အိုဘားမားအနေနဲ့- ဂျော့ခ်ျဒဗလျူဘုရှ် ...
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
-
▼
September
(19)
No comments:
Post a Comment