Tags
- စစ်လက်နက်ဆန်းများ (2)
- နိုင်ငံတစ်ကာစစ်ရေးရာသတင်း (17)
- ဗဟူသုတဆောင်းပါးများ (5)
- ဗွီဒီယိုဖိုင်များကြည့် ရန် (8)
- ပြည်တွင်းပြည်ပ သဘာဝလွန် ဖြစ်ရပ်များ (1)
- ပြည်တွင်းစစ်သတင်း (15)
- ပြည်တွင်းနိုင်ငံရေးအာဘော် (20)
- ပြည်ပနိုင်ငံခြားမှု့ ခင်းသတင်း (17)
- ပြည်ပနိုင်ငံရေးသတင်း (18)
- မြန်မာ့ ကုန်ထုပ်လုပ်စီးပွားရေး (2)
- မြန်မာ့နိုင်ငံရေးအကြောင်း (3)
- မြန်မာပြည်မှု့ ခင်းသတင်း (58)
- မြန်မာပြည်အထွေထွေသတင်းတိုများ (43)
- အွန်လိုင်းဆိုင်ဘာတွင်တိုက်ခိုက်ဖွနေသူများ (3)
- ဖျော်ဖြေရေးသတင်း (1)
- မေးလ်ဖြင့်လာရောက်ပေးပို့ သူများ (2)
Friday, September 13, 2013
ငွေစက္ကူ များတွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ပြန်သုံး ရန် ရန်ကုန်တိုင်း လွှတ်တော် တွင် အဆိုတင်ခြင်း
အစိုးရက ထုတ်ဝေလျက် ရှိသော ငွေစက္ကူများတွင် အမှတ်အသား အဖြစ် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ ပြန်လည် သုံးစွဲပေးရန် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်း ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ကပြောကြားသည်။
လက်ရှိ သုံးစွဲနေသော ငွေစက္ကူများသည် အဖွဲ့အစည်းတစ်ခု၏ အမှတ် သင်္ကေတ နှင့် တူနေသည့်အတွက် အဆိုပါနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်ပုံကို ပြန်လည် ထည့်သွင်းပေးရန် အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ေ ကြာင်း ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။ ယင်းအဆိုသည် နိုင်ငံေ တာ် ဗဟိုဘဏ်နှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သောကြောင့် ပြည်ေ ထာင်စု လွှတ်တော်တွင် သာ ဆွေးနွေး သင့်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စော လှ ထွန်း က ပြောကြားသည်။
ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပြန်လည် အသုံးပြုရေး အဆိုကို မဲခွဲရာ ထောက်ခံသူ နှစ်ဦးသာရှိပြီး ကန့်ကွက်သူ ၁၁၃ ဦး ရှိသောကြောင့် ယင်းအဆိုမှာ ရှုံးနိမ့်ခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် အဆိုမျိုးသည် တိုင်းဒေသကြီး လွှတ်တော်တွင် မဆွေးနွေး သင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင်သာ ဆွေးနွေးသင့် သည့် အဆိုမျိုးဖြစ်ကြောင်း၊ နိုင်ငံတော် ဗဟိုဘဏ် ကိစ္စသည် တိုင်းဒေသကြီး လွှတ်တော်၏ ဥပဒေပြုခွင့်တွင် မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
လွတ်လပ်ရေး ရပြီးကာလ ၁၉၄၈ ခုနှစ်က နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ေ ဝေ သာ ငွေစက္ကူများတွင် လွှတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ် ပုံ ပါ အမှတ်အသားဖြင့် ထုတ်ဝေ ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အာဏာ လွဲပြောင်းရယူမှု နောက်ပိုင်းတွင် အခြား အ မှတ် အသားများ သုံးစွဲခဲ့သည်။
The Voice Journal
Subscribe to:
Post Comments (Atom)
တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(230)
-
▼
September
(19)
- ရခိုင်အမျိုးသားများနှင့်ပတ်သတ်ပြီးတောင်းပန်ဝန်ခံကတ...
- Top 10 Bermuda Triangle Theories
- လယ်သိမ်းခံရသူ ရဲစခန်း ဝင်တိုက်ပြီး သူ့ကိုယ်သူ ပစ်သတ်
- ငွေစက္ကူ များတွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ပြန်...
- ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့ မွတ်ဆလင်လွတ်မြောက်ရေးတပ်...
- မြ၀တီ ညဈေးတန်းပေါက်ကွဲမှုဖြစ်ပွား
- အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း...
- ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင်ြေ...
- ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး ...
- အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည...
- ထိုင်းနိုင်ငံက မာဆတ် တဲ့။။။။။
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ...
- ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်...
- အနုကြမ်းစီး၊ လူသတ်မှုဖြစ်ပွား
- ဘင်္ဂါလီဖမ်းဆီးမိမှ နောက်ဆက်တွဲ သတင်း
- ရန်ကုန်မြို့ ရွှေဂုံတိုင် ကုန်းကျော်တံတား ဆောက်လုပ...
- အမေရိရန်သမတ အိုဘားမားအနေနဲ့- ဂျော့ခ်ျဒဗလျူဘုရှ် ...
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
-
▼
September
(19)
No comments:
Post a Comment