နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, August 12, 2013

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက်


 Tuesday, August 13, 2013

အယူဝါဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။

ကင်တားနား ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ


 
Tuesday, August 13, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၁၂ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား ဒေသခံများက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကင်တားနားသည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ယင်းမှတစ်ဆင့် ဘူးသီးတောင် အကျဉ်းထောင်သို့ အမြန်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဥပဒေ အရာရှိချုပ် ဦးလှသိန်းနှင့်အတူ သွားရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့


 မောင်တော၊ သြဂုတ် ၁၂

တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

တောတရိစ္ဆာန်ဆင်တွေလည်းကလဲ့ စားချေတပ်တယ်

အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး 

 

နယူးဒေလီ သြဂုတ် ၁၁
အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိမှုကြောင့် ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့ လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကို

Friday, August 9, 2013

သိမ်းဆည်းထားသော ဓာတုလက်နက်များ၏ ၇၅ ရာခိုင်နှုန်းကျော် ရုရှားဖျက်ဆီး

 
Saturday, August 10, 2013

ရုရှားနိုင်ငံသည် ၄င်း၏ နိုင်ငံအတွင်း သိမ်းဆည်းထားသော ဓာတုလက်နက် ပစ္စည်းများ၏ ၇၆ ရာခိုင်နှုန်း သို့မဟုတ် အလေးချိန် မက်ထရစ်တန် ၃ဝဝဝဝ ကို ဖျက်ဆီးခဲ့ကြောင်း ရုရှားစက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးက သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကျင်းပသော ဓာတုလက်နက် ပစ္စည်းများဆိုင်ရာ ညီလာခံ၏ သဘော တူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၁၈ဝ အနက် ဓာတုပစ္စည်းများကို ဖျက်ဆီးခဲ့သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ယူကရိန်းနှင့် ဘီလာရုစ် နိုင်ငံအကြား နယ်စပ်ဒေသ ဖြစ်သော Bryansk ဒေသရှိ ဓာတု လက်နက်ပစ္စည်းများ သိမ်းဆည်းထားသည့် စက်ရုံတစ်ရုံသို့ အလည်အပတ် သွားနေစဉ် အတွင်း စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဒန်းနစ်မန်တူရော့ဗ်က ပြောကြားခဲ့သည်။

မြန်မာတွေရဲ့ စေတနာမေတ္တာမလေးရှားနားလည်စေလိုပါသည်။

မြန်မာ့ ရေပိုင်နက်တွင် စက်ချို့ယွင်း လျက်ရှိ သည့် နိုင်ငံခြား ကုန်တင် ရေယာဉ်အား တပ်မတော် (ရေ)မှ ပြင်ဆင်ပြီး လိုအပ်သည် များကို ကူညီ ဆောင်ရွက်ပေး ……….


 
နေပြည်တော် သြဂုတ် ၇
မလေးရှားနိုင်ငံ ဆိပ်ကမ်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းသို့ ဇူလိုင် ၂၆ရက်က ထွက်ခွာလာသည့် အင်ဒိုနီးရှားနိုင်ငံ၊ BBN(BINTIKA BANGUNUSA) ကုမ္ပဏီမှ GLADYS (JAKARTA) ကုန်တင် ရေယာဉ်သည် ဇူလိုင် ၃၁ရက်တွင်    မြန်မာ့ ရေပိုင်နက် အတွင်းရှိ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကမ်းခြေ အနောက်တောင်ဘက် ၁၃မိုင်ခန့် အကွာ၌ အင်ဂျင်များ ချွတ်ယွင်းပြီး စက်ခန်းအတွင်း ရေများ ဝင်ရောက်မှု ဖြစ်ပွားခဲ့၍ ကျောက်ချ ရပ်နားလျက်ရှိသည်။
အဆိုပါ ရေယာဉ်သို့ သြဂုတ်  ၁ရက်တွင် တပ်မတော် (ရေ)မှ ထောက်ပံ့ရေး ရေယာဉ်အား လည်းကောင်း၊ သြဂုတ် ၄  ရက်တွင် ကျောက်ဖြူမြို့ရှိ သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအား တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် စေလွှတ်၍လည်းကောင်း လိုအပ်သည်များ ကူညီဆောင် ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကုန်တင် ရေယာဉ်သည် စက်ခန်းအတွင်း ရေစုပ်ပန့်၏ သံပိုက် ပေါက်ပြဲမှုကြောင့် ရေတန် ၁ဝဝခန့် ဝင်ရောက် ၍ ၁၅ ပေခန့် နစ်မြုပ်လျက်ရှိပြီး မီးစက်များ နှိုးမရသဖြင့် တပ်မတော် (ရေ)မှ စစ်သည်များက ရေများ စုပ်ထုတ်ပေးခြင်း၊  မီးစက်များ ပြင်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ရာ သြဂုတ် ၆ရက် ညပိုင်းတွင် ရေများ စုပ်ထုတ် ပေးနိုင်ခဲ့ပြီး မီးစက် ငါးလုံး ပြန်လည် ကောင်းမွန်အောင် ပြင်ဆင် ပေးနိုင်ခဲ့သည်။
တပ်မတော် (ရေ)မှ စစ်ရေယာဉ်နှင့် ထောက်ပံ့ရေး ရေယာဉ်တို့သည် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရန် အတွက် ဆက်လက် စောင့်ကြည့်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြဝတီမှ-

Thursday, August 8, 2013

အင်တာနက်ဖေ့ဘုတ်ပေါ်မှမြန်မာ့ နိုင်ငံရေးဆိုက်ဘာတိုက်ပွဲများ


 
ဦးနေ၀င်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တာ”ဟု ပြည်သူ လူထုကို ပေါ်တင်ခြိမ်းခြောက် ခဲ့သည်။ တကယ်လည်း မရေတွက် နိုင်သည့် ပြည်သူများသေဆုံးခဲ့ရပြီး နေရာအနှံ့သွေးချောင်းစီးခဲ့ရ သည်။

ထိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်


 ၈.၈.၂၀၁၃၊ ကြာသပတေးးနေ့

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများက စီတန်း လှည့်လည် ဆန္ဒပြမှုများကို အရှိန် မြှင့်တင်သွား မည်ဟု အဓိဋ္ဌာန်ပြု ကြေညာလိုက်ကြောင်း The Nation သတင်းစာ က ရေးသား ဖော်ပြသည်။

Wednesday, August 7, 2013

အလွမ်းမျက်ရည်များနဲ့  အပြုံး



လူဆိုတာ ခံစားချက်ရှိတယ်
အဲဒီခံစားချက်ကို အကောင်ထည်ဖော်ခွင့်ရှိတယ်
ဒါပေမယ့် စစ်သားတွေက မျိုသိပ်ထားရတာ များတယ်။

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 