နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, June 15, 2013

Htoo Group of Companies ဥက္ကဌ ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြား အရိုင်းတုံးကြီး ပေးအပ် လှူဒါန်း


 ၁၅.၆.၂၀၁၃၊ စနေနေ့

မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတုမြန်မာ့ ကျောက်မျက်ပြပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းဝင် အားလုံးကို ဂုဏ်ပြုသော အားဖြင့် အလွန်အရည်အသွေး ကောင်းမွန်သည့် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီး အား နေပြည် တော် ကျောက်မျက်ရတနာပြခန်းတွင် ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲ နှစ် (၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနား ၌ နိုင်ငံတော်သို့ လှူဒါန်းခဲ့ ကြာင်း သိရသည်။


ဦးတေဇမှ ကမ္ဘာပေါ်တွင် မြန်မာ့ကျောက်မျက်ရတနာများသည် အထူးနာမည်ကျော်ကြားသည့်အလျောက် နိုင်ငံတော် အတွင်း အစဉ်ထာဝရထိန်းသိမ်း စုဆောင်းထားရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံမှ ထွက်ရှိသော ယခုလို ရှားပါးသည့် ကာရက်ထောင်ချီ၍ကြီးမားသည့်အရည်သွေးကောင်းကျောက်မျက်ရတနာများးအား နောင်လာနောက်သားများနှင့်မျိုးဆက် သစ်လူငယ်များ လေ့လာကြည့်ရှုနိုင်ရေး နိုင်ငံတော်ပိုင်ပြရုပ်အဖြစ် အစဉ်အဆက်ထိန်းသိမ်းထားရှိနိုင်ရေးနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ၄င်းကိုယ်ပိုင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံး ကြီးအား နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးတေဇသည် ကျောက်မျက်အသင်းချုပ်၏ ဥက္ကဌအဖြစ် ၂၀၀၇ ခုနှစ်မှ စတင်ကာ (၃) ကြိမ် ဆက်တိုက် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၃ ဇန်နဝါရီလအတွင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ်ကို လွှတ်တော်တွင် တင်သွင်းခဲ့အပြီး ဥက္ကဌတာဝန်မှ ၁၈.၁.၂၀၁၃ ရပ်နေ့တွင် နှုတ်ထွက်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းအမှုဆောင် ကော်မတီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ခန်းမတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ဦးတေဇအား တတိယသက်တမ်းပြည့်မြောက်သည်အထိ ဥက္ကဌတာဝန်ကို ဆက်လက် တာဝန်ယူပေးပါရန် အသင်းဝင် (၁၀၀)ရာခိုင်နှုန်းမှ ပြန်လည်တောင်းဆို ရွေးကောက် တင်မြှောက်ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

ဦးတေဇအနေဖြင့် ၂၀၁၁ ခုနှစ်တွင် ပူတာအိုဒေသတွင် ရဟက်ယာဉ်မတော်တဆဖြစ်ပြီးသည့်နောက်ပိုင်း စီးပွားရေး လုပ်ငန်းများထက် လူမှုရေးလုပ်ငန်းများ၊ အလှူအတန်းများကို ဦးစားပေးလုပ်ဆောင်လာကြောင်း ၎င်းနဲ့ နီးစပ်သူများထံမှ သိရှိရပြီးယခုရက်ပိုင်းအတွင်း မလေးရှားရောက်မြန်မာလူမျိုးများအတွက် အမေရိကန်ဒေါ်ါလာ ၁၀၀၀၀၀ လှူတန်းခဲ့ပြီး အလုပ်အကိုင်နေရာများပါစီစဉ်ပေးမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

Wai Lin NPT

အင်းလေးမီဒီယာ

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 