နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, June 21, 2013

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ စံပြရွာတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/1013092_342633605865913_1523246314_n.jpg

ပိုင်ရှင်မဲ့ရပ်နားထားသည့် ယာဉ်အားတွေ့ရှိသဖြင့် ထိန်းသိမ်းစောင့်ရှောက်၍ ပိုင်ရှင်စုံစမ်းပြန်လည် ပေးအပ်

ရန်ကုန်၊ ဇွန် ၂၀

၁၈.၆.၂၀၁၃ ရက်နေ့ ၂၀၀၀အချိန်ခန့်တွင်ပုဇွန်တောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရိုးမဟိုတယ်ရှေ့ကားပါကင်တွင် ယာဉ်အမှတ် ၂က/၇၃၁၀ ကိုယ်ပိုင်ယာဉ်၊
တောင်းအေ့ နံ့သာရောင်ယာဉ်အားရပ်တန့်ထားသည်မှာ (၃/၄)ရက်ခန့်ရှိပြီကြောင်း ဟိုတယ်လုံခြုံရေးဝန်ထမ်းဖြစ်သူမ
 
ပုဇွန်တောင်မြို့မရဲစခန်းလှည့်ကင်းအဖွဲ့အား
သတင်းပေးပိုခဲ့သဖြင့် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
အတူ သွားရောက်စစ်ဆေးကာ ပုဇွန်တောင်မြို့နယ်
ယာဉ်ထိန်းဌာနစု(၃၂)မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယာဉ်ပိုင်ရှင်လိပ်စာအားစုံစမ်း ရှာဖွေလျက်ရှိပြီး ယာဉ်အားထိန်းသိမ်း စောင့်ရှောက်ထားရှိခဲ့ရာ
၂၀.၆.၂၀၁၃ရက်နေ့ ၀၉၀၀အချိန်တွင် ဦးကျော်ထွန်း၊
မ/၁၅၅၊(၇)လွှာ၊ ဗိုလ်ချုပ်လမ်း၊(၉)ရပ်ကွက်၊
ပုဇွန်တောင်မြို့နယ်နေသူမှ ၎င်း၏ယာဉ်ဖြစ်ကြောင်း၊
ဘတ္ထရီမကောင်း သဖြင့်ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပြီး ယာဉ်နှင့် ပတ်သတ်သည့် အထောက်အထား များပြသဖြင့်စစ်ဆေးကာ ယာဉ်အားပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် စက်ချို့ယွင်း၍သော်လည်းကောင်း ၊ အခြားသောအကြောင်းများကြောင့် ယာဉ်အားရပ်နားထားခဲ့ပါက ရက်မဆိုင်းဘဲပြန်လည်ရယူကြပါရန်နှင့် မလွဲသာ၍ရက်ရှည် ရပ်ထားခဲ့ရမည်ဆိုပါက နီးစပ်ရာပတ်ဝန်းကျင်ရှိသူများ(သို့) တာဝန်ရှိသူများအား အသိပေးအပ်နှံ ထားသင့်ကြောင်း
ဖေါ်ပြအပ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 