နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, June 6, 2013

သမ္မတ အဖြစ် ၀င်ရောက် ယှဉ် ပြိုင် မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

suukyi--621x414
၊World Economic Forum on East Asia 2013 ဖွင့်ပွဲနေ့ (ကြာသပတေးနေ့) တွင်
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ” ကျမ ၂၀၁၅ ရွေးကောက်ပွဲမှာ
တိုင်းပြည်အတွက် သမ္မတနေရာကိုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း”"ကျမ
သမ္မတမဖြစ်ချင်ပါဘူးလို့ပြောရင် ကျမ….. ပြည်သူ့အပေါ်ကို



လိမ်ညာရာရောက်မှာပေါ့………… ကျမ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြီး
ပြည်သူ့အတွက် ဦးဆောင်အလုပ်လုပ်ချင်ပါတယ်။” ဟုတက်ရောက်လာကြသော
ကမ္ဘာ့ကိုယ်စားလှယ်အသီးသီးနှင့် မီဒီယာသို့ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်ပြီး
၂နှစ်ခွဲတာကာလအတွင်း မြန်မာနိုင်ငံတွင် နောင်ဘယ်သောအခါမျှ
မည်သို့သောစစ်အာဏာရှင်လက်အောက်သို့ ပြန်လည်မရောက်စေရန်အတွက်
အမျိုးသားသင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလည်းရေးအတွက် ဆောင်ရွက်ခဲ့သည်။
ပြုပြင်ပြောင်းလည်းရေးအတွက်လည်း လက်ရှိအာဏာရအစိုးရနှင့်အတူ
ဆောင်ရွက်နေပြီး သမ္မတဦးသိန်းစိန်အား ” ပြုပြင်ပြောင်းလဲရေးစတင်ခဲ့သည်
၂နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးအကျိုးအမြတ်သည် လူများစုဖြစ်သော
မြန်မာနိုင်ငံသားများနှင့်မသက်ဆိုင်နေသေးကြောင်းပြောဆိုခဲ့သည်။
“သမ္မတကြီးအနေနှင့် လမ်းပေါ်ကပြည်သူတွေထံ၊ ကျေးလက်ပြည်သူတွေထံ
တိုက်ရိုက်ကိုယ်တိုင်ထိတွေ့ပြီး မေးမြန်းကြည့်လျင် အများပြည်သူတွေရဲ့
ဘဝဟာ ၂၀၁၀တုန်းကအခြေအနေအတိုင်းရှိနေပြီး
ပြောင်းလဲမှုတစုံတရာတွေ့ရမည်ဟုတ်ကြောင်းကို
တွေ့မြင်ရမည်”ဟုလည်းပြောဆိုခဲ့သည်။ယနေ့ပြောင်းလဲနေချိန်တဲ့လား…..
ရန်ကုန်မြို့လယ် ဘိုကလေးဈေးအဝင်ပေါက်ရှေ့မှာတော့
လက်ထဲမှာငွေစက္ကူအနွမ်းလေးတွေ ကိုင်ပြီး ဆုတောင်းရင်း တောင်းစားနေရတဲ့
အသက်၇၂နှစ်အရွယ် လောင်းကုတ်အရှည်ဝတ်ထားတဲ့ ဦးဝင်းရွှေတယောက် လို
ဆင်းရဲသားပြည်တွေဘဝဟာ မြန်မာပြည်အပြောင်းအလဲမှာမပြောင်းလဲကြသေးပါဘူး။
အသက်ကြီးသူတွေအများအပြားဟာ လမ်းမတွေပေါ်မှာ တောင်ရမ်းပြီး
ဘဝကိုရပ်တည်နေကြရပါတယ်။
ဈေးအဝင်ဝက ပန်းသည် မခင်သန်းဝင်း(၅၂နှစ်)ကတော့
မြန်မာပြည်ပြောင်းလဲးတယ်ဆိုတာကို ကျမသဘောတူပါတယ်။
လမ်းပေါ်ကအခြေခံလူတန်းစားတွေမပါပါဘူး….. သူတို့ဟာသူတို့ပြောင်းလဲတာပါ”
ပြောပြပါတယ်။
မကြာခင်နှစ်ပိုင်းအတွင်းက ကိုယ်ပိုင်ကားတွေလမ်းပေါ်မှာပေါများလာတယ်။
ဂျာနယ်မဂ္ဂဇင်းတွေလမ်းဘေးမှာဝယ်လို့ရတာတွေပြောင်းလဲလာပေမယ့်
အများပြည်သူဘဝကတော့မပြောင်းလဲသေးဘဲ ယ္ခုထိရှိနေဆဲပါ။
အခြေံဥပဒေပြင်ဆင်မည် ဟု လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
ကျမ သမ္မတရာထူးယူချင်တာထက် “ယနေ့ဖွဲ့စည်းပုံမှာပါဝင်နေတဒီမိုကရေစီစနစ်နဲ့
လိုက်လျောညီထွေမှုလည်းမရှိ၊ အများအတွက်အကျိုးမရှိတဲ့ ဥပဒေတွေကိုပြင်ဆင်ဖို့လိုပါတယ်။
FNG

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 