နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, June 29, 2013

ခွင့်ပြုချက်ထက်ပို၍ နွားများနယ်ကျော်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်း

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn2/1044385_346248202171120_1499079584_n.jpg

ခွင့်ပြုချက်ထက်ပို၍ နွားများနယ်ကျော်သယ်ဆောင်လာစဉ်
ဖမ်းဆီးရမိခြင်း
ရန်ကုန်၊ ဇွန် ၂၉
၂၉.၆.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မှော်ဘီမြို့နယ်၊
 အမှတ်(၄)လမ်းဂိတ်တွင် လုံခြုံရေးအဖွဲ့မှတပ်ဖွဲ့ဝင်များသည် 
 
ယာဉ်အမှတ် ၂ခ/----၊ LZ အမျိုးအစား အစိမ်းရောင်
(၁၀)ဘီးယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ 
သက်ဆိုင်ရာရုံးမှ ကျွဲ/နွားခွင့်ပြုကောင်ရေ(၇၅)ကောင်အား သယ်ဆောင်ခွင့်ပြုခဲ့ရာ ၆.၆.၂၀၁၃ ရက်နေ့တွင်
နွားအကောင် (၅၀) သယ်ဆောင်ခဲ့ပြီးဖြစ်၍ ခွင့်ပြုချက်အရ
(၂၅)ကောင် သာထပ်မံ သယ်ဆောင်ရမည်ဖြစ်သော်လည်း
နွားအကောင်(၅၀) သယ်ဆောင်ခဲ့သဖြင့် (၂၅)ကောင်ပိုမို သယ်ဆောင်လာသည်ကို စိစစ်တွေ့ရှိခဲ့ပါသည်
ထိုကဲ့သို့ နွား(၂၅)ကောင်အား ခွင့်ပြုချက်ထက်ပို၍
သယ်ဆောင်လာသူများဖြစ်သောနွားပိုင်ရှင် ကျော်သီဟ၊
(ဘ)ဦးထွန်းရီ၊ ရေဝေးရပ်ကွက်၊ သာယာဝတီမြို့၊
ကိုယ်စားလှယ်ဦးချစ်လှိုင်၊(ဘ)ဦးခွာလေး၊ပေါက်ကုန်းရပ်ကွက်၊
မင်္ဂလာဒုံမြို့နယ်၊ ယာဉ်မောင်း မင်းဇော်ဦး၊ (ဘ)ဦးစံသိန်း၊
နန်းဦးကွက်သစ်၊ ပေါင်းတည်မြို့နှင့် ယာဉ်နောက်လိုက်
အောင်နိုင်ဦး၊ (ဘ)ဦးအေးလေး၊(၄)လမ်းရပ်ကွက်၊
ပေါင်းတည်မြို့နေသူတို့ (၄)ဦးအား မှော်ဘီမြို့မရဲစခန်း
(ပ) ၃၇၉/၂၀၁၃၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ
ပုဒ်မ-၅ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 